တန်ဖိုးရှိသောစကားလုံးလေးများ

Posted by ကိုတိုး | Posted in | Posted on 3:04 PM

4

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဘူးပါပြီ
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဘူးပါပြီ
ဘာမျှ မယ်မယ်ရရ မရှိခဲ့ပါဘူး
ဒါပေမဲ့....
အဲဒီလို....ကြုံခဲ့ ဆုံခဲ့တာတွေထဲက
သင်္ခန်းစာတွေရပြီး အသိဥာဏ်တိုးရင်
လူဖြစ်ရကျိုး တော်တော်နပ်ပါတယ်။
ကောင်းတဲ့အလုပ်ဟာ နောက်ကျတယ်ဆိုတာ
မရှိပါဘူး။ လုပ်ငန်းမစရသေးတာပဲရှိပါတယ်။
အမြင့်ရောက်လို့ အမြင်ကျယ်တာထက်
အမြင်ကျယ်လို့ အမြင့်ရောက်တာက
ပိုကောင်းပါတယ်။
ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ
ဖြစ်နိုင်တာကိုသာ ဦးစားပေးခဲ့ရင်
ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်။
လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်။
အဟုတ်ပါလားလို့ ထင်ထားသမျှတွေဟာ
လွဲနေတတ်သလို.................
မဟုတ်ဘူးလို့ ထင်ထားသမျှတွေကလည်း
မှန်နေတတ်ပြန်တယ်။
မေတ္တာပို့နေယုံနဲ့ မဖြစ်သေးဘူး
မေတ္တာဓာတ်တွေ ရှိနေဖို့က
အရင်လိုအပ်တယ်။
ကောင်းတာကို နားလည်သလောက် လုပ်စမ်းပါ
အလုပ်လုပ်ရင်းနဲ့ နားလည်လာလိမ့်မယ်
သိသလောက်ကျင့် ကျင့်သလောက် သိလာလိမ့်မယ်
အခက်အခဲဆိုတာ ဥာဏ်နုည်းသူအတွက်
ဘ၀တစ်ခုလုံး ကျိုးပျက်သွားတတ်ပေမဲ့
အသိဥာဏ်ရှိသူအတွက်ကတော့
ဘ၀ကြီးတစ်ခုလုံးကို တိုးတက်သွားနိုင်တယ်
အလုပ်လုပ်သူက အပြောမသန်
အပြောသန်သူက အလုပ်မလုပ်
ပြောသလောက်လုပ်ပြီး လုပ်သလောက်သာပြောပါ
အပြောနည်းပြီး အလုပ်လုပ်တာ အကောင်းဆုံးပါပဲ။
စေတနာသည် လူတိုင်းနဲ့ မတန်သည်မဟုတ်
လူတိုင်းနဲ့ တန်တဲ့ စေတနာမျိုးထားနိုင်ဖို့
လိုအပ်ပါတယ်။
သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့မေးလ်ကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ် အားလုံးကသိပြီးသားတွေလို့လည်းထင်ပါတယ်။ အားလုံးပဲပျော်ရွှင်အဆင်ပြေကျန်းမာနိုင်ကျပါစေခင်ဗျာ။

ချစ်နေလျက်ပါ

Posted by ကိုတိုး | Posted in | Posted on 3:20 PM

1

မင်းနဲ့ငါ ရှိနေစဉ်အခါမှာ
ကမ္ဘာပေါ်မှာ အပျော်ဆုံးလူဟာ
ငါ.......ပါ။
မင်းအနားက
ဝေးကွာသွားရတဲ့အခါမှာတော့
မင်းအကြောင်းကိုတွေးပြီး
လွမ်းဆွတ်နေမိတာပေါ့။
ဒါပေမဲ့
မင်းနဲ့အတူရှိမနေလည်း
အကြောင်းတော့မဟုတ်ပါ
မင်းကို........ငါ
အမြဲတမ်းချစ်နေမှာပါချစ်သူ။
ထာဝရတစ်သက်စာအတွက်ပါ။

ချစ်သူ့မွေးနေ့

Posted by ကိုတိုး | Posted in | Posted on 6:32 AM

1

ဒီနေ့က ချစ်သူမွေးနေ့ပါ မွေးနေ့မှာ အမှတ်တရလေးဖြစ်အောင်ဆိုပြီးတော့ပိုစ့်လေးတင်လိုက်တာပါ။ ကျွန်တော်အရမ်းချစ်ရပါသောချစ်သူ မွေးနေ့မှာပျော်ရွှင်နိုင်ပါစေနော်။

Scrap9.com for Happy Birthday Cards, Orkut scraps, Orkut Images, Orkut Graphics and Orkut Greetings

Scrap9.com for Happy Birthday Cards, Orkut scraps, Orkut Images, Orkut Graphics and Orkut Greetings

ရင်နှင့်အမျှ တစ်သက်တာမှာ
မင်းတစ်ယောက်ထဲချစ်မှာပါချစ်သူ
မိုင်ပေါင်းဝေးကွာ
မတူညီတဲ့နေရာတွေမှ အဆင်သင့်သလိုနေရပေမဲ့
ရင်နှင့်အချစ် ဘယ်တော့မှာမပြောင်း
တွေးတဲ့အတွေးတိုင်းမှာ မင်းပုံရိပ်နဲ့
မင်းအပြုအမှုတွေဆိုးမိုးနေဆဲပါချစ်သူ။
ငါအချစ်ကိုငါသာသိပြီး
ကဗျာမဆို ကာရံတွေ မစပ်တတ်ပေမဲ့
ရင်နှင့်ခံစား ငါ့အချစ်များအား
မင်းအပါးမှာ အမြဲတမ်းချစ်နေခွင့်ပြုပါ။
ကိုယ်ကမင်းရဲ့ နေမဝင်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကို အရိပ်ပေးမယ့် တိမ်စိုင်လေးဖြစ်ပါရစေ
မင်းဘဝရဲ့လမင်းကြီး မဟုတ်ရင်တောင်မှာ
မင်ကိုလမ်းပြပေးတဲ့ ကြယ်ပွင့်လေးအဖြစ်
မင်းဘေးနားမှာအမြဲတမ်းရှိပါရစေသားချစ်သူ
အချစ်ဆုံးသူကို တမ်းတရင်းနဲ့
အမြဲလွမ်းနေပါတယ်ချစ်သူ
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေလို့
ချစ်သူ.
ချစ်သူမွေးနေ့မှာသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်ပျော်ရွှင်နိုင်ပါစေလို့နော်။ ဒီနေ့ဒီအချိန်မှာစပြီးတော့ ကျွန်တော်အရမ်းချစ်ရပါသော ချစ်သူအား ဒီထက်ပိုပြီးတော့နားလည်စွာနဲ့ ဆက်လက်ချစ်သွားပါ့မယ်ချစ်သူ။ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေချစ်သူ။ Happy Birthday My Love

အတွေးနဲ့စိတ်ကူး

Posted by ကိုတိုး | Posted in | Posted on 10:23 PM

4

ငှက်ဇင်ယော်လေထဲမှာပျော်ပြီး
ဝေယင်မှာ ဝဲပျံနေတဲ့ငှက်လေးတွေက
ချစ်သူရှိရာလိုက်လို့ရှာသလို
ငါလည်းပဲ ချစ်သူရှိတဲ့နေရာကိုလိုက်ရှာနေမိတယ်
တစ်နေ့တစ်ည အတွေးစက
အာရုံထဲလည်း လွမ်းမိုးနေတာ မင်းရဲ့အရိပ်တွေပါ
လွမ်းရဆွေးရ ဖျောက်ဖျက်မရတဲ့
ငါ့ရဲ့ရင်တွင်းအချစ်
မင်းအတွက်နဲ့ ဘဝတစ်သက်တာ
လက်တွဲရပါစေကြောင်း
ငါဆုတောင်းတယ်ချစ်သူ
ရင်မှာခံစား ငါရဲ့အချစ်အား
အဘယ်မှာဆေးရှိပါမည်နည်း
ကုစားမှုတစ်ပါး မင်းအပါးမှာ
တစ်ဖဝါးမှာ မခွာလိုပါချစ်သူ
ပြုံးရွင်နေတဲ့ မင်းမျက်နှာကို
စက္ကန့်မလပ် မြင်ချင်နေမိတာငါပါ။
ချစ်သူအနားခစားထားတဲ့
ငါ့အား အရိပ်လေးအဖြစ်
ထာဝရမင်းအနားရှိပါရစေ။

ကိုယ့်အချစ် ကိုယ်တေးသံတစ်ခုတည်းပါကွယ်

Posted by ကိုတိုး | Posted in | Posted on 8:08 PM

2

မြက်ခင်းပြင်မှာပွင့်တဲ့ပန်း မြေကြီးနဲ့နီးစပ်သလို
သူမလည်း ကိုယ့်နှလုံးသားနဲ့ နီးနေခဲ့တယ်။
အိပ်စက်ခြင်းဟာ ပင်ပန်းနွမ်းလျနေတဲ့
ကိုယ်လက်အင်္ဂါတွေ အပန်းပြေစေသလို
သူမက ကိုယ့်ကိုချိုမြိုန်စေခဲ့ပါတယ်။
သူမအပေါ်ထားတဲ့ ကိုယ့်အချစ်က
ကိုယ့်ဘဝပါပဲကွယ်။
ကြည်လင်အေးချမ်းမှုတွေကို
စွန့်လွတ်ပေးဆပ် ပြေးလွားသွားခဲ့ရတဲ့
ဆောင်းဦးရာသီ ရေလျှံမြစ်ကဲ့သို့
အားအင်အပြည်နဲ့
စီးဆင်းသွားခဲ့ရသလို ဘဝမျိုးပါကွယ်။
ရေလှိုင်းတွေ ရေစီးတွေနဲ့
တေးဆိုညည်းတတ်တဲ့
စမ်းရေစီးသံပမာ
ကိုယ့်ရဲ့တေးသံသာတွေဟာ
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာနဲ့
တစ်ခုတည်းပါပဲကွယ်။

ပန်းဥယျာဉ်လမ်းလေးဆီ လာခဲ့ကွယ်

Posted by ကိုတိုး | Posted in | Posted on 8:22 PM

0

အချစ်ရယ်
ကိုယ့်ပန်းဥယျာဉ်လမ်းကလေးဆီ လာခဲ့ကွယ်
မင်းရဲ့မြင်ကွင်းထဲကို မြင်သာအေင်ပြဖို့
စိတ်အားထက်သန်နေတဲ့
ပန်းကလေးတွေကို ဖြတ်ကျော်လာခဲ့ပါ
နေဝင်ဆည်းဆာ တောက်ပမှုရဲ့
ရုတ်တရက်အံ့ဖွယ်ရာလိုပေါ်လာပြီး
ပျောက်ကွယ်သွားတတ်တဲ့
အမှတ်မထင် ပျော်ရွှင်မှုလေးအချို့ကို
ရပ်တန့်ငေးမောပြီး ဖြတ်ကျော်လာခဲ့ပေါ့။
ချစ်သူလက်ဆောင်ဆိုတာ ရှက်စရာကွဲ့
သူ့နာမည်ကို ဘယ်တော့မှ ပြောလိမ့်မယ်မဟုတ်
ဖုန်တောတစ်လျှောက် ပျော်ရွင်မှုအစအနတွေကို
ကြဲဖြန့်ရင်း အရိပ်ထဲက
လှစ်ခနဲ ထွက်ပြေးသွားတတ်တယ်
သည်ချစ်သူလက်ဆောင်ကို အရယူလိုက်ပါ
မဟုတ်ရင် တစ်သက်လုံးဆုံးရှုံးသွားရမှာ
ဒါပေမဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့
လက်ဆောင်ဆိုတာကတော့ နှုးညံ့တဲ့ပန်းလေးတစ်ပွင့်
ဒါမှမဟုတ် လင်းလက်တောက်ပနေတဲ့
မီးညွန့်ကလေးနဲ့ မီးအိမ်လေးတစ်လုံးပါပဲကွယ်။

ထိုင်းနိုင်ငံရဲ့ တန်ဆောင်မုန်းလပြည့်နေ့

Posted by ကိုတိုး | Posted in | Posted on 8:01 PM

4

ဒီနေ့ကတော့ထိုင်းနိုင်ငံမှာတော့ တန်ဆောင်မုန်းလပြည့်နေ့ပေါ့နော်။ သူတို့ရိုးရာကလည်းမြန်မာနိုင်ငံကပဲဆင်းသက်လာတာပါပဲ။ ဒီနေ့မှာဆိုရင်တော့ သူတို့ရဲ့ရိုးရာအရ အခုတွေ့နေရတဲ့မီးခွက်လေးတွေလိုလုပ်ပြီးတော့ရေထဲကိုမျှောကျတယ်။သူတို့ရဲ့မကောင်းတဲ့အကြံတွေ မကောင်းတာတွေမှန်သမျှကိုဒီမီးခွက်လေးနဲ့ရေထဲမျှောပြီးတော့သူတို့အတွက်ကောင်းတာလေးတွေ ဖြစ်လာပါစေလို့ဆိုပြီးတော့ လူတိုင်းနီးပါးပေါ့နော် မီးခွက်လေးတွေကိုရေထဲမျှောကျတယ်။ အခုလိုလပြည့်ညမှာ ကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားလုပ်တာကတော့ TAK ဆိုတဲ့မြို့လေးမှာပဲဖြစ်ပါတယ်။ အဲ့မြို့လေးက မဲဆောက်နဲ့တော့တော်တော်လေးနီးတယ်ပြီးတော့ မြစ်လည်းရှိတယ် လူသွားလူလာလည်းအရမ်းစည်ကားပါတယ်။ အခုလိုညမျိုးမှာဆိုရင် လူကိုတိုးလို့မရအောင်ကိုများပါတယ်။ နိုင်ငံခြားသား လေ့လာသူတွေ အလည်အပတ်လာရောက်သူတွေလည်းတော်တော်များပါတယ်။ သူတို့ဆီမှာလည်းကျွန်တော်တို့လို မီးပုံးပျံပြိုင်ပွဲလုပ်သလို မီးခွက်မီးပန်းတွေကို အလှဆင်ပြီးတော့ ပြိုင်ပွဲလုပ်ကျပါတယ် အရမ်းကိုစည်ကားသိုက်မြိုက်ပါတယ်ခင်ဗျာ။ ဘလော့ဂါညီအကို မောင်နှစ်မများကိုသိစေချင်လို့မျှဝေပေးလိုက်ချင်းဖြစ်ပါတယ်။ တစ်ချို့လည်းသိပြီးသားများဖြစ်ရင်လည်းနားလည်ပေးနိုင်မယ်လို့မျောလင့်ပါတယ်ခင်ဗျာ။ ဒီနေ့ကိုတော့ ထိုင်းလိုတော့ ဝမ်လော(ရ်)ရီးကရားထုံးလို့ဆိုပြီးခေါ်ပါတယ် (วันลอยกระทง)။ အားလုံးပဲ အဆင်ပြေပျော်ရွှင်နိုင်ကျပါစေခင်ဗျာ။

တန်ဆောင်မုန်းလပြည့်

Posted by ကိုတိုး | Posted in | Posted on 9:31 AM

3

လှူကထိန်သင်္ကန်းနှင့်၊
မဂ်လမ်းတဲ့ ဆုပန်ရွယ်
သည်ချိန်ကို ရွှေမုံကြဲလို့
ခဝဲရွှေကြာရင်းမှာ၊ သင်းရနံကြွယ်
ကောင်းကင်လယ်
ထက်ဝယ်ဘုံဦး
ရွှေစန္ဒာနှင့်
ကြတ္တိကာ ကြယ်ရောင်စွန်းတယ်
ထွန်းထိန်လို့မြူး။
ဖိုးသူတော်ဦးမင်း ရေးထားတဲ့ကဗျာလေးကိုတင်ပေးလိုက်တာပါခင်ဗျာ။ အမှတ်တရနေ့ရက်လေးတွေပါပဲ မြန်မာနိုင်ငံမှာဆိုရင်တော့ တော်တော်လေးပျော်စရာကောင်းမယ်နော် လွမ်းစရာကောင်းလိုက်တာနော်။
ဝါလကျွတ်ပြောင်း၊
ကြာကနှောင်းသော်
ဒေါင်းငှက်ကတွန်၊ ဆောင်းလက်မွန်၌
စွန်ကလည်းဝဲ၊ တွန့်ကြေဆဲတွင်
ဝမ်းဘဲကကွေ၊ ချမ်းမြဲထွေ၍
လေကလည်းပြောက်၊ ချေကဟောက်နှင့်
ကြယ်ပေါင်းစုံသည့်ည။
လပြည့်ဝန်း ရွှန်းရွှန်းသာသည့်ည။
ဆေးပေါင်းခသည့်ည။
ဒီကဗျာကိုကတော့ google ကနေရှာကူးထားတာပါခင်ဗျာ။ အခုတင်ပေးလိုက်တဲ့ပုံတွေကိုကတော့ သူငယ်ချင်းတစ်ယောက်ကမေးလ်ထဲကိုပို့ထားလို့ မေးလ်ထဲကနေတစ်ဆင့်ပြန်တင်ပေးလိုက်တာပါခင်ဗျာ။ အားလုံးပဲတန်ဆောင်မုန်းလပြည့် ဆေးပေါင်းခတဲ့ညမှာ အားလုံးပဲပျော်ရွှင်စိတ်ချမ်းသာစွာနဲ့နေနိုင်ကျပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ။