ဒဿကျွန်တော်

Posted by ကိုတိုး | Posted in | Posted on 2:09 PM

11

ရာမဇာတ်တော်၊ သန်းခေါင်ကျော်ထိ
ကျွန်တော် ညကဖတ်မိတယ်။
ဇာတ်တော်ထဲမှာ ၊ မယ်သီတာအတွက်
ရာမနှင့်ယှဉ် ၊ လေးတော်တင်ကာ
ယှဉ်ပြိုင်ရင်းက၊ ရှုံးခဲ့ရသည့်
ဒဿဘီလူး ၊အချစ်ရှုးသည်
ချစ်ဦးသူအတွက် အကြမ်းဖက်ကာ
ငဲ့ကွက်မညှာ မယ်သီတာကို
ရာမလက်မှ အဓမ္မဖြင့်
မရ ရအောင် ခိုးခဲ့သည်။
ချစ်စိတ်ထန်ပြင်း အကြောင်းရင်းကြောင့်
အတင်းအဓမ္မ ပြုခဲ့၍
ရာမဇတ်လမ်း သူ့အခန်းတွင်
ဇာတ်ကြမ်းမင်းသား ဖြစ်တော့သည်။
သူ့လိုသာပဲ ကျွန်တော်လည်းလေ
ဇာတ်ထဲကလို သဝန်တို၍
လိုချင်တောင်းတ ခင့်ကိုရရန်
ဆန္ဒမယူ မကြည့်ဖြူဘဲ
ခိုးယူထွက်ပြေးမိတော့သည်။
အလိုမတူ ကြမ်းဖက်ယူ၍
ကြည်ဖြူနိုင်ရေး ဝေးပါသေး ဟု
ငိုကြွေးငြင်းဆန်၊ ခင်မုန်းဒဏ်ကို
ခံရတော့မှာ သိလာရသည့်
ဒဿအသစ်ဖြစ်ပြီကိုး။
ချစ်စိတ်ပြင်းထန်
အကြောင်းရင်းကြောင့်
အတင်းအဓမ္မ ပြုခဲ့ရသည့်
ဒဿကျွန်တော် ယခုသော်ကား
ဇာတ်တော်ဖတ်ကာ ဆွေးစိတ်ဖြာ၍
ရင်နာနေရပါပြီခင်.။

ဥာဏ်စမ်း

Posted by ကိုတိုး | Posted in | Posted on 10:00 PM

8

တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။ ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။ အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ? ၀ါသနာပါသူများ ဖြေကြည့်ကြပါ။ အပျင်းလဲပြေ... ပျော်စရာလည်း ကောင်းပါတယ်။ စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူးနော်။ တစ်ခါတလေ အတွေးတွေကို အဆုံးစွန်ထိ တွေးလိုက်မိရင် အသိဥာဏ်က သာမန်အဆင့်လောက်ပဲ ဖြစ်သွားတတ်ပါတယ်တဲ့။ ဒါကြောင့် Don't think too much.း) မှတ်ချက်။ သူငယ်ချင်းပို့ပေးတဲ့မေးလ်ကဥာဏ်စမ်းလေးတင်ပေးလိုက်တာပါ။ ပိုစ့်အသစ်မတင်နိုင်သေးလို့အဲ့ဒါနဲ့မေးလ်ကနေပြီးတော့ သူငယ်ချင်းတွေအားလုံးလည်းသိပြီးသားဖြစ်မှာပါနော်။ ဥာဏ်စမ်းလေးဖြေပေးသွားကျပါအုံးနော်။ အားလုံးပဲ စိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းများနဲ့ပြည့်စုံကျပါစေခင်ဗျာ။

သစ်ပင်ရိပ်လိုနေပါ့မည်

Posted by ကိုတိုး | Posted in | Posted on 10:32 PM

8

ဝေဒနာလမ်း ၊ ခရီးကြမ်းမှ
မောပန်းဖြတ်လာ ၊ မောင့်သည်းညှာအတွက်
မေတ္တာသန့်စင် ၊ အေးရိပ်ထင်သည့်
သစ်ပင်တစ်ပင် ၊ဖြစ်ချင်သည်။
သည်အရိပ်မှာ ၊ မောင့်သည်းညှာရယ်
ခိုပါနားပါ ၊ အားဖြည့်ပါ။
နားကြည်းကြေကွဲ ၊ ဝမ်းနည်းမှုတွေ
သည်ပင်ခြေမှာ ထားခဲ့ပါ။
အရိပ်မိုးသူ ၊ ယူထားပါ့မယ်
အားမငယ်နှင့် ၊နွမ်းနယ်မှုသာ
ကိုယ်မှခွာ၍ ၊ သည်မှာချန်ရစ်ခဲ့ပါလေ။

မင်းကို လိုအပ်တယ်

Posted by ကိုတိုး | Posted in | Posted on 4:33 PM

10

ငါ့ဘဝမှာ
မင်းသာမရှိခဲ့ရင်
ပျော်ရွှင်မှုဆိုတာလည်း
အလကားပါပဲ။
မျှော်လင့်ချက်နဲ့
အသက်ရှင်ဖို့ဆိုတာလည်း
ဖြစ်နိုင်ခြေနည်းပါပြီ။
မင်းနဲ့အတူတွဲပြီး
ဘဝတိုက်ပွဲဝင်မယ်ဆိုတဲ့
အတွေးစိတ်ကူးတွေဟာလည်း
လေထဲမှာပဲ လွင့်ပျောက်သွားမှာပေါ့။
ငါ့ဘဝမှာ
မင်းသာမရှိခဲ့ရင်
အဓိပ္ပါယ်လည်း မဲ့သွားလိမ့်မယ်။
ဒါကြောင့်
ငါ့ဘဝမှာ
မင်းရှိမှာဖြစ်မယ်။
မင်းကို
ငါလိုအပ်တယ်။

ချစ်နေလျက်ပါ

Posted by ကိုတိုး | Posted in | Posted on 4:04 PM

6

မင်းနဲ့ငါ ရှိနေစဉ်အခါမှာ
ကမ္ဘာပေါ်မှာအပျော်ဆုံးလူဟာ
ငါ............ပါ။
မင်းအနားက
ဝေကွာသွားရတဲ့အခါမှာတော့
မင်းအကြောင်းကိုတွေးပြီး
လွမ်းဆွေးနေမိတာပေါ့။
ဒါပေမဲ့
မင်းနဲ့အတူ ရှိမနေရလည်း
အကြောင်းတော့ မဟုတ်ပါ။
မင်းကို ငါ
အမြဲတမ်း ချစ်နေမှာပါ။

အဖေများနေ့

Posted by ကိုတိုး | Posted in | Posted on 1:06 PM

4

သူများဘလော့တွေလိုက်ဖတ်တော့ အဖေများနေ့ရေးထားတာတွေ့တယ်။ ကိုယ်လည်းပဲ အဖေများနေ့မှာ ဘာရေးရရင်ကောင်းမလည်းဆိုပြီးတော့ အမဝါ ဘလော့ကို သွားလည်ရင်းကနေ စိတ်ကူးပြီးရေးလိုက်တာပါ။ လောကကြီးမှာ မိဘများသည်သာလျင် သားသမီးတို့၏ ဘဝအတွက် နားခိုရာအပင်ဖြစ်ပါတယ်။ အဖေ ဟူသည် နေပူ မိုးရွာ မနေသာပေ သားသမီးစားဖို့ ကြိုးပမ်းအားထုတ် မမောမပန်းနိုင် ရှာဖွေကျွေးမွေး တို့အဖေများသည် ထိုကမ္ဘာမှာရှိပါအုံးမလား။ နဖူးကချွေး ခြေမကျသည့်တိုင်အောင် မမောမပန်းနိုင်အား အပြုံးမပျက် အလုပ်လုပ်လျက်ပါ အဖေများသည် သားသမီးတို့အတွက်လုပ်ကိုင်ကျွေးမွေးလာသည်မှာ ခွန်အားများကုန်ခမ်းသည်ဟူ၍မရှိပါ သားသမီးများအတွက်အမြဲတမ်းခွန်အားတွေပြည့်နေပါတယ်။ သားသမီးတွေကို ပညာသင်ဖို့ ပညာတတ်ကြီးတွေဖြစ်၊ ထူးချွန်သူတွေဖြစ်ပြီးတော့ အားလုံးရဲ့အလည်မှာ ပြုံးရွှင်နေတဲ့ အဖေရဲ့မျက်နှာကို မြင်ယောင်မိပါတယ်အဖေ။........... အဖေများနေ့မှာ အဖေများအားလုံးကျန်းမာချမ်းသာကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ချစ်သူခင်......သို့

Posted by ကိုတိုး | Posted in | Posted on 8:44 PM

10

အသည်းထောင့်ကြား၊ သိမ်းဆည်းထားသော
စကားတစ်ဆစ်၊ မပြောဖြစ်တာ
သုံးနှစ်တောင်ပြည့်ပါတော့မည်ခင်။
ရင်မှာမော၍
ပြောလည်းပြောချင် ၊ပြောဟန်ပြင်လည်း
ခင် သိခဲ့သော် ကိုယ့်အပေါ်မယ်
အတော်တဆ ၊မုန်းမာန်ရှပြီး
ဒေါသဖြစ်ကာ ၊ စိမ်းသွားမှာကို
ကိုယ်မှာစိုးရွံ့၊ မပြောဝံ့၍
နှုတ်ဆွံ့နေမိပါသည် ခင်။
သြော်....... သတ္တိနည်း၍
ရင်ထဲမှာပဲ၊ ချစ်နေရဲသူ
ကိုယ်လိုလူကို ၊ ချစ်သူခင်သော
မငဲ့ညှာလျှင်
ရင်မှာနာရမည် သေချာသည်။
မှတ်ချက်။ ကျွန်တော်ချစ်ရပါသော ချစ်သူကို ခင် ဟု နမ်စားသုံးထားခြင်းဖြစ်ပါသည်။ နာမည်နှင့်တိုက်ဆိုင်မှုလေးများရှိရင် ခွင့်လွတ်ပေးကျပါလို့ တောင်းပန်ချင်ပါတယ်ခင်ဗျာ။ အားလုံးပဲ အဆင်ပြေပျော်ရွှင်ကျပါစေခင်ဗျာ။

သူငယ်ချင်း.........သို့

Posted by ကိုတိုး | Posted in | Posted on 4:24 PM

2

သူငယ်ချင်း
မင်းရင်ထဲမှာ ၊ ငါမရှိပါလည်း
ငါ့ရင်ထဲမှာ မင်းရှိတယ်။
သူငယ်ချင်း
မင်းနှင့်ငါသည်၊ ညီရင်းကိုပမာ
ကြည်ဖြူလက်တွဲ၊ ပျော်ဆင်နွဲခဲ့
မင်းလည်းအသိ၊ ငါအသိ
ကာလကြာရှည်ခဲ့ပါပြီ။
တစ်နေ့သောအခါ
ကံကြမ္မာသည်၊ အံဖွယ်ရာတည့်
ငါနဲ့မင်းကို ၊ သဝန်တိုပြီး
မလိုတမာ ၊ခွဲခဲ့တာကြောင့်
ဘာရယ်မဟုတ်၊ စိတ်တွေရှုပ်ကာ
နှုတ်ဆက်ခွဲခွာ၊ ဝေးခဲ့ပြီ။
မင်းလည်းအသိ ငါလည်းအသိ
သတိရတိုင်းလည်းလွမ်းမိပါတယ်။
သူငယ်ချင်း
မင်းလည်းမသေ ငါမသေခင်
ကာရာအိုကေ ဆိုကြမယ်လေ
ဘဝအမော ကိုယ်စီပြော၍
သောကဟုသမျှ ခဏမေ့ပြီး
ကြယ်မွေ့စရာ ယမကာနှင့်
သံသာချိုမြ တေးတစ်စဖြင့်
ဘဝကိုမေ့ စိတ်ပျော်မွေ့အောင်
ဆုံတွေ့ကြစို့ တစ်နေရာမှာ။
သူငယ်ချင်း
မင်းကိုမမေ့ အလွမ်းငွေ့နှင့်
ပြန်တွေ့ချင်တယ်၊ မင်းမသိ
ငါရင်ထဲမှာ ဆန္ဒရှိတာ
မင်းရော သိနိုင်ပါ့မလားကွာ။

ဘဝဆိုတာဘာလဲ

Posted by ကိုတိုး | Posted in | Posted on 2:39 PM

7

ဘဝဆိုတာ
ဘာမျှမဟုတ်
အားထုတ်ရုန်းကန်
အောင်ပွဲခံဖို့။
ဘဝဆိုတာ
အိပ်မက်ပမာ
ဘာတစ်ခုမျှ မရေရာ။
ဘဝဆိုတာ
ကျောင်းတစ်ကျောင်းပါ
လေ့လာစရာများလှစွာ........တဲ့။
ဘဝဆိုတာ
ဘာလဲကွယ်
အားလုံးရဲ့ အမြင်လေးတွေသိချင်ပါတယ်။
မှတ်ချက်။ ကျွန်တော်သိလို့ရေးတာမဟုတ်ပါဘူး။ ဘဝဆိုတာလည်းနားမလည်ပါဘူး တစ်ခါတစ်လေကျရင် ဘဝဆိုတဲ့အထဲမှ မရှိမဖြစ်အနေနဲ့ ငွေ ဆိုတဲ့စကားလုံးတစ်လုံးပါလာတယ်။ အဲ့ငွေအတွက်ပဲလူတွေကရုန်းကန်နေရတယ်နော်။ အားလုံးပဲပေါ့နော် ငွေက အရာရာကို ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။............ အားလုံးကိုလည်း အသိအမြင်လေးတွေပေးခဲ့ကျပါလို့ တောင်းဆိုချင်ပါတယ်။ အားလုံးပဲပျော်ရွှင်အဆင်ပြေပါစေခင်ဗျာ။

ငယ်ကချစ်တော့ အနှစ်တရာ

Posted by ကိုတိုး | Posted in | Posted on 10:19 AM

12

အချစ်ဆုံးမို့ မမုန်းသေး
ဝဝဖိုင့်ဖိုင့် ပါးချိုင့်လေးနှင့်
လုံးလုံးတုတ်တုတ်ကောက်ညှင်းထုပ်လို
ရုပ်သွင်ပြောင်းလည်း ကြည့်ကောင်းဆဲပင်
ပါးရည်တွန့်လိပ် ခေါင်းထိပ်ဆံပင်
နီကျင်ဖြူကွက် မြင်ပါလျက်လည်း
စိတ်ပျက်မသွား တန်ဖိုးထားဆဲ၊
လမ်းမှာတွေ့ကြုံ ရင်တွေခုန်ပြီး
မလုံမလဲ စကားလွှဲကာ
သာကြောင်းမာကြောင်း
ဘာအကြောင်း ညာအကြောင်း
ရှေးဟောင်းနှောင်းဖြစ် ပြန်ပြောဖြစ်တော့
အချစ်စိတ်က နိုးထရင်ခုန် စိတ်မကုန်သေး
လွမ်းမိသေး၏။
သြော်
ငယ်ကချစ်သော အနှစ်တစ်ရာဆိုတာ
ဒါမျိုးလားကွယ်။

ဘဝနီတိ

Posted by ကိုတိုး | Posted in | Posted on 2:00 AM

7

ဘဝမှာ...... ကုန်ဆုံးသွားပြီးရင်
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့
အရာသုံးခုရှိပါတယ်။
အချိန်၊စကားလုံး၊ အခွင့်အရေးဆိုတာတွေပေါ့။
ဘဝမှာ....... ဘယ်တော့မှာ
လက်လွတ်အဆုံးရှုံးမခံရမယ့် အရာသုံးခုရှိတယ်၊
ငြိမ်းချမ်းမှု၊ မျှော်လင့်ချက်နဲ့ ရိုးသားမှုတို့ပဲ။
ဘဝမှာ.........တန်ဖိုးအထားရဆုံးအရာသုံးခုရှိတယ်။
ချစ်ခြင်းမေတ္တာ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့
သူငယ်ချင်းများ ဖြစ်ပါတယ်။
ဘဝမှာ.......... မသေချာတဲ့အရာသုံးခုကတော့
အိပ်မက်ရယ်၊ အောင်မြင်မှုရယ်၊ ကံကြမ္မာရယ်။
ယောကျာ်းကောင်း မိန်းမကောင်း
ဖြစ်စေတဲ့
ခက်ခဲတဲ့အလုပ်၊ရိုးသားမှုနဲ့ အောင်မြင်မှုပါပဲ။
ယောကျာ်တစ်ယောက် မိန်းမတစ်ယောက်ကို
ဖျက်ဆီးပစ်နိုင်တဲ့ ဘဝရဲ့အရာသုံးခုကတော့
အရက်၊မာနနဲ့ ဒေါသပဲဖြစ်ပါတယ်။
မှတ်ချက်။ အရင်ကဖတ်ဖြစ်ခဲ့ဘူးတဲ့ကဗျာလေးတစ်ခုပါ ဘဝနဲ့ပတ်သတ်လို့မှတ်ထားမိပါတယ်။ ဘယ်သူရေးလည်းဆိုတာကိုတော့ မမှတ်မိတော့လို့ ထည့်မရေးတော့ပါဘူး အားလုံးပဲပျော်ရွှင်အဆင်ပြေပါစေခင်ဗျာ။

လောကလူသား

Posted by ကိုတိုး | Posted in | Posted on 8:48 AM

4

အရှေ့နေထွက် အနောက်နေဝင်
ရှုပ်ထွေးလှတဲ့ လူဘုံလောက သဘာဝ
လူသားအားလုံးခံစားကျရ
ပြင်းပြင်း ထန်ထန်လောကဓံရဲ့
လည့်စားမှုအောက် ပြားပြားဝပ်အောင်
ခံစားကျရ
နေပူမရှောင် မိုးရွာမနေသာ
ဆောင်းအခါ မလွဲသာ၍
ကြံကြံခံရင်း အံတုရင်ဆိုင်
လောကဓံရယ်၊ အပြုံးနှင့်သာရင်ဆိုင်
ခွင်အားအပြည့်ပြိုင်က
လောက လူသားရယ်လို့
သာယာသီကြွေး၊ ငါ့ဟေ့လူသား
စွမ်းမကားပြရင်း
ရင်ဆိုင်နိုင်ရန် ရုန်းကန်လိုက်ကျရအောင်