စကားမဆိုဘဲ ကိုယ်တမ်းတတယ်
Posted by ကိုတိုး | Posted in Poems | Posted on 10:03 AM
ငြိမ်သက်တိတ်ဆိတ်တဲ့ အတွေးရိပ်အောက်မှာ
တစ်ယောက်တည်းထိုင်ပြီး
မင်းနာမည်ကို တသသလွမ်းနေမိတယ်။
ရည်ရွယ်ချက်မရှိဘဲ
နှုတ်ကမမြွတ်ဆိုဘဲ
မင်းကို တရော်ရော် ခေါ်နေမိမှာပါပဲကွယ်။
ဘာနဲ့တူသလည်းဆိုရင် လေ.....
“မေမေ”လို့တီတီတာတာခေါ်တတ်စ
ကလေးငယ်လေးဟာ ဝမ်းသာပီတိတွေဖြာဝေပြီး
“မေမေ........မေမေ အို မေမေ”ရယ်လို့
အကြိမ်တစ်ရာအထိ ခေါ်ကြည့်နေသလိုပဲပေါ့
အချစ်ရယ်။

အော်.. အမေ့ကိုများ ခေါ်နေသလားလို့
သူက ချစ်သူကို လွမ်းရင်းနဲ့ အမေကို တသလိုမျိုး မေမေမေမေနဲ့ အဲဒီလိုမျိုးခေါ်ချင်နေတာကိုး..........