သံယောဇဉ် အရှိဆုံးဆိုတာက
Posted by ကိုတိုး | Posted in Poems | Posted on 7:43 PM
ပူလိုက်တာလေ
'နေ'တဲ့။
အေးတော့ အေးပါရဲ့..
ကိုယ်ပိုင်အလင်းနဲ့ မဟုတ်
ဆုတ်တခါ ဆန်းတခါ
သာတလှည့် မသာတလှည့်
မာယာနဲ့ ဟန်ပြ
'လ'တဲ့။
ကမ္ဘာက ကုန်းချော
ပြောရင် မောရုံ
စကြာဝဠာရဲ့ ပတ်လမ်းတွေထဲ
သမုဒယဆွဲအားတွေနဲ့ လွင့်မျော
သံယောဇဉ်အရှိဆုံးဆိုတာက ချစ်သူတွေပါကွယ်။

အစ်မလဲ သဘောကျတယ် ဒီကဗျာလေးကို ... ကျေးဇူးပဲ ဖတ်ခွင့်ရလို့
ကဗျာလေးလာဖတ်ပါတယ် ကိုတိုးလေး