သီတင်းကျွတ်ည
Posted by ကိုတိုး | Posted in Poems | Posted on 12:32 PM
အမှောင်ထုက လမင်းကိုဝိုင်းအောင်ရေးနေတယ်။
ကောင်းကင်ယံမှာ
လင်းတစ်လှည့်မှိတ်တလှည့်ကြယ်ပွင့်လေးတွေနဲ့အပြိုင်
အရောင်မျိုးစုံတဲ့ မီးပန်းတွေက
သူနိုင်ကိုယ်နိုင် အလှချင်းပြိုင်နေကြချိန်
ဗိုက်ပူပူအကောင်ကြီးတွေက
မီးခိုးတလူလူကို အားမလိုအားမရစားသုံးရင်
လမင်းဆီသို့ ခြေဦးလှည့်ချိန်
မြတ်ဗုဒ္ဓရဲ့ ကိုယ်ပွားမှား
သက်ဝင်လှူပ်ရှားနေတဲ့ညကို ရင်ဝယ်သားအလား
မေတ္တာအလင်းနဲ့ ထွေးပိုက်ထားချိန်
ပိစိကွေး ပုံစံငယ်လေးတွေက
ပိစိကွေး လူငယ်ငယ်လေးတွေနောက်
ကောက်ကောက်ပါအောင်လိုက်လို့
တုနင်အလင်းရောင်လေးကို ထမ်းပိုးရ၇င်း
အမှောင်ကိုခွင်းဖို့ ကြိုးစားနေချိန်
အဲ့ဒီညပေါ့
အမှောင်နဲက အလင်း စစ်ခင်းကြတဲ့ပွဲမှာ
အသာစီးရလိုက်တဲ့ အလင်းရောင် လမင်းကြီးက
ရှေ့ထွက်ပြီး ကြော်ငြာလိုက်တယ်
“သီတင်းကျွတ်ပြီ”တဲ့………..

သီတင်းကျွန်ကဗျာကိုလာဖတ်ပါတယ် ကိုတိုးလေးရော ဘယ်တော့လည်း :)
သီတင်းကျွတ်လပြည့်ညကလေးကိုလွမ်းသွားမိတယ်
မောင်ငယ်ကိုတိုးရေ.
ကျန်းမာပျော်ရွှင်ပါစေ။
ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ သီတင်းကျွတ်ဆိုတာကို အမှတ်ရပြီး၊ ဘိုးဘွားတွေကို ကန်တော့နိုင်ရင်ပဲ ကျေနပ်ရမှာပါ။