သူငယ်ချင်း.........သို့
Posted by ကိုတိုး | Posted in Poems | Posted on 4:24 PM
မင်းရင်ထဲမှာ ၊ ငါမရှိပါလည်း
ငါ့ရင်ထဲမှာ မင်းရှိတယ်။
သူငယ်ချင်း
မင်းနှင့်ငါသည်၊ ညီရင်းကိုပမာ
ကြည်ဖြူလက်တွဲ၊ ပျော်ဆင်နွဲခဲ့
မင်းလည်းအသိ၊ ငါအသိ
ကာလကြာရှည်ခဲ့ပါပြီ။
တစ်နေ့သောအခါ
ကံကြမ္မာသည်၊ အံဖွယ်ရာတည့်
ငါနဲ့မင်းကို ၊ သဝန်တိုပြီး
မလိုတမာ ၊ခွဲခဲ့တာကြောင့်
ဘာရယ်မဟုတ်၊ စိတ်တွေရှုပ်ကာ
နှုတ်ဆက်ခွဲခွာ၊ ဝေးခဲ့ပြီ။
မင်းလည်းအသိ ငါလည်းအသိ
သတိရတိုင်းလည်းလွမ်းမိပါတယ်။
သူငယ်ချင်း
မင်းလည်းမသေ ငါမသေခင်
ကာရာအိုကေ ဆိုကြမယ်လေ
ဘဝအမော ကိုယ်စီပြော၍
သောကဟုသမျှ ခဏမေ့ပြီး
ကြယ်မွေ့စရာ ယမကာနှင့်
သံသာချိုမြ တေးတစ်စဖြင့်
ဘဝကိုမေ့ စိတ်ပျော်မွေ့အောင်
ဆုံတွေ့ကြစို့ တစ်နေရာမှာ။
သူငယ်ချင်း
မင်းကိုမမေ့ အလွမ်းငွေ့နှင့်
ပြန်တွေ့ချင်တယ်၊ မင်းမသိ
ငါရင်ထဲမှာ ဆန္ဒရှိတာ
မင်းရော သိနိုင်ပါ့မလားကွာ။

မောင်လေး
First ဟုတ်ရဲ့လား မသိဘူး :P
ကဗျာလေးကောင်းတယ် ... သူငယ်ချင်းတွေ ချစ်ကြရင် အရမ်းကြည်နူးဖို့ကောင်းတယ်နော် ... မောင်လေး သူငယ်ချင်းက ဘယ်ရောက်နေလို့လဲ .... မောင်လေး သိစေချင်တာ သူသိမှာပါနော် :)
ဒီကဗျာလေးလဲ ကြိုက်တယ်ဗျာ..။ ဒီသံယောဇဉ်က ပိုခိုင်မြဲတယ်ဗျ တကယ်ကို တသက်မမေ့နိုင်တဲ့ အချစ်မျိုးပါပဲ။