ဘဝဆိုတာဘာလဲ

ဘဝဆိုတာ
ဘာမျှမဟုတ်
အားထုတ်ရုန်းကန်
အောင်ပွဲခံဖို့။
ဘဝဆိုတာ
အိပ်မက်ပမာ
ဘာတစ်ခုမျှ မရေရာ။
ဘဝဆိုတာ
ကျောင်းတစ်ကျောင်းပါ
လေ့လာစရာများလှစွာ........တဲ့။
ဘဝဆိုတာ
ဘာလဲကွယ်
အားလုံးရဲ့ အမြင်လေးတွေသိချင်ပါတယ်။
မှတ်ချက်။ ကျွန်တော်သိလို့ရေးတာမဟုတ်ပါဘူး။ ဘဝဆိုတာလည်းနားမလည်ပါဘူး တစ်ခါတစ်လေကျရင် ဘဝဆိုတဲ့အထဲမှ မရှိမဖြစ်အနေနဲ့ ငွေ ဆိုတဲ့စကားလုံးတစ်လုံးပါလာတယ်။ အဲ့ငွေအတွက်ပဲလူတွေကရုန်းကန်နေရတယ်နော်။ အားလုံးပဲပေါ့နော် ငွေက အရာရာကို ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။............ အားလုံးကိုလည်း အသိအမြင်လေးတွေပေးခဲ့ကျပါလို့ တောင်းဆိုချင်ပါတယ်။ အားလုံးပဲပျော်ရွှင်အဆင်ပြေပါစေခင်ဗျာ။

7 comments:

ကဗျာမလေး said...

မောင်လေး
“ဘ၀”ဆိုတာ “ငွေ” မဟုတ်တာတော့ သေချာတယ် ... ဘ၀ ဆိုတာ ဘကုန်း နဲ့ ၀ နှစ်လုံးထဲပေမယ့် ..... အတော်တော့ရှုပ်ထွေးပါတယ် ... သိမှတ်ဖူးတာကတော့ ... ဘ၀ဆိုတာရုန်းကန်ခြင်း တဲ့။
"Life is Struggle" လို့ပြောတာပဲ။

Dream said...

ဘ၀ဆိုတာ ဘာလဲ သိချင်ရင် အန်တီနွဲ့ရီဝင်းနဲ့ ကျော်သူစိုး ကို မေးကြည့်...အဟီးး..

:P :P

အိမ် said...

ကိုယ်သိတာလေးကို ၇ိုးရိုးရှင်းရှင်းနဲပ ရေးထားတာလေး သဘောကျတယ်ဗျာ။
ဟုတ်ပါတယ် လူတိုင်းငွေအတွက် ရုန်းကန်နေကြတာပါ..။ ဘယ်လိုမှ ငြင်းမရတဲ့ အရာပါပဲ၊ ငွေထက် အရေးကြီးတာတွေ ရှိပေမဲ့
လူတိုင်း(ပုထုဇဉ်) ငွေနောက်လိုက်နေကြတာပါ။
ငွေနောက်ပုံချင်း မတူတူကြပေမဲ့ ဦးတည်ချက်တွေ အတူတူပါပဲဗျာ...။

ကျောပိုးအိတ် said...

ဘ၀ အကြောင်းကို လာသင်သွားပါတယ် ကိုတိုးလေးရေ
း)

ကဗျာဦး said...

ကိုတိုးလေး
ဘဝအကြောင်းလာဖတ်တယ်
တို့လည်းသိချင်တယ်

ဝေလေး said...

ဘာကြီးမှန်းကိုမသိပါဘူး..... ဘဝအမျိုးမျိုး အဖုံဖုံ...... =)

may16 said...

ဘ၀ဆိုတာ အမျိုး၂ပါပဲရှင်