ဘဝနီတိ

ဘဝမှာ...... ကုန်ဆုံးသွားပြီးရင်
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့
အရာသုံးခုရှိပါတယ်။
အချိန်၊စကားလုံး၊ အခွင့်အရေးဆိုတာတွေပေါ့။
ဘဝမှာ....... ဘယ်တော့မှာ
လက်လွတ်အဆုံးရှုံးမခံရမယ့် အရာသုံးခုရှိတယ်၊
ငြိမ်းချမ်းမှု၊ မျှော်လင့်ချက်နဲ့ ရိုးသားမှုတို့ပဲ။
ဘဝမှာ.........တန်ဖိုးအထားရဆုံးအရာသုံးခုရှိတယ်။
ချစ်ခြင်းမေတ္တာ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့
သူငယ်ချင်းများ ဖြစ်ပါတယ်။
ဘဝမှာ.......... မသေချာတဲ့အရာသုံးခုကတော့
အိပ်မက်ရယ်၊ အောင်မြင်မှုရယ်၊ ကံကြမ္မာရယ်။
ယောကျာ်းကောင်း မိန်းမကောင်း
ဖြစ်စေတဲ့
ခက်ခဲတဲ့အလုပ်၊ရိုးသားမှုနဲ့ အောင်မြင်မှုပါပဲ။
ယောကျာ်တစ်ယောက် မိန်းမတစ်ယောက်ကို
ဖျက်ဆီးပစ်နိုင်တဲ့ ဘဝရဲ့အရာသုံးခုကတော့
အရက်၊မာနနဲ့ ဒေါသပဲဖြစ်ပါတယ်။
မှတ်ချက်။ အရင်ကဖတ်ဖြစ်ခဲ့ဘူးတဲ့ကဗျာလေးတစ်ခုပါ ဘဝနဲ့ပတ်သတ်လို့မှတ်ထားမိပါတယ်။ ဘယ်သူရေးလည်းဆိုတာကိုတော့ မမှတ်မိတော့လို့ ထည့်မရေးတော့ပါဘူး အားလုံးပဲပျော်ရွှင်အဆင်ပြေပါစေခင်ဗျာ။

7 comments:

မသက်ဇင် said...

ကိုတိုးလေးရေ
ကဗျာလေးကြိုက်တယ်
နေကောင်းရဲ့လား
ခင်မင်လျက်

ကဗျာမလေး said...

မောင်လေးရေ.... ကဗျာလေးကကောင်းတယ်။
ဒါပေမယ့် စာလုံးပေါင်းလေးတွေ သတိထားပါဦးကွယ့် :)

နှင်းဆီနက် said...

ကဗျာလေးကောင်းတယ် တင်ပေးတဲ့အင်္တက် thanks
ခင်မင်စွာဖြင့်
နှင်းဆီနက်

အိမ် said...

မှတ်သားစရာပါပဲဗျာ... ဘဝဆိုတာ စကားလုံးနှစ်လုံးထဲမို့သာပဲ.. အလွန်နက်ရှိုင်းကျယ်ဝန်းပါတယ်..။

Dream said...

ဖတ်ဖူးပြီးသား ကဗျာလေး ဆိုပေမယ့် အခုလို ပြန်ဖတ်ခွင့် ရတော့ ပြန်မှတ်မိတာပေါ့... အခုလို တင်ဆက်ပေးတာကို ပဲကျေးဇူးတင်ပါတယ်.... :)

ရွှေပြည်သူ said...

ကိုတိုးရေ အရင်က ဖတ်ဖူးပေမယ့် အခုပြန်ဖတ်တော့လည်း အဓိပ္ပါယ်ရှိနေတာပဲ။ ပြန်ဝေမျှပေးတာ ကျေးဇူးပါမောင်လေး...

ဖိုးစိန် said...

အားတင်းထား
ရှေ့မှာပန်းတိုင်