ပန်းသခင်သို့

Posted by ကိုတိုး | Posted in | Posted on 9:38 AM

ပင်မြင့်မှာ
အစဉ်တင့်တဲ့ပန်းမို့
ဘ၀င်မြင့်ချင်လည်း မြင့်ပေါ့
နန်းရဂုံ
ပန်းအစုံရဲ့အလယ်မှာ
ကမ်းကုန်အောင် အလှကြွယ်သူမို့
အလှမာန်ဝင်ချင်လည်း ၀င်ပေါ့
ဒါပေမယ့် ပန်းသခင်ရယ်
သင်္ခါရကို လွန်ဆန်မရလို့
တစ်နေ့မြေခမှာပါပဲ။
ဒီကဗျာလေးက ကဗျာဟောင်းလေးတစ်ပိုဒ်ပါ။ ဘာရေးရမလည်းကလည်းမသိဘူးပြီးတော့ တိုက်ဆိုင်မှုလေးတစ်ခုဖြစ်လာလို့ဒီကဗျာလေးကိုတင်လိုက်တာပါခင်ဗျာ။ ဘလော့ဂါညီအကိုမောင်နှစ်မများအားလုံးကျန်းမာပျော်ရွှင်ကျပါစေခင်ဗျာ။

Comments (14)

ဟုတ်တယ် ဒါကို သူနားလည်ဘို့လိုတယ။်

ဒါပေမယ့် ပန်းသခင်ရယ်
သင်္ခါရကို လွန်ဆန်မရလို့
တစ်နေ့မြေခမှာပါပဲ။

မှန်တယ်ကိုတိုးရေ

အမှန်ဘဲ။

ဘယ်လောက်ဘဲမန်ဝင့်လှနေပါစေ တစ်နေ့ တော့ကြွေရမှာ။

ဒီအိမ်အပြင်လေးကိုကြိုက်တယ်။ ဖတ်ရတာမျက်စိအေးလို့ ။

း)

ကောင်းသောနေ့ များ ပိုင်ဆိုင်နိုင်ပါစေ ကိုတိုးလေးရေ
း)

ကဗျာလေးလှပါတယ် ကိုတိုးရေ
ဘယ်လောက်ပဲလှလှ တနေ့တော့ကြွေရမှာပါပဲ

ကဗျာစာသားလေး ကောင်းသလို ဖြစ်ပျက်မယ့်အကြောင်းလေးကိုပါ ထည့်ရေးထားတော့ ပိုမိုပေါ်လွင်စေတယ် ..။

ကြိုက်တယ်ဗျာ င်္သခါရသဘောတွေပါတယ်။
ဟုတ်တယ်ဗျ တချို့က အလှဂုဏ်ဝင့်ကြတယ်
တနေ့ ကြွေကျ မြေခရမှာပဲဆိုတာ သတိပေးထားပုံလေး လှတယ်ဗျာ။

အာပါးပါး.. ကဗျာလေးက အလန်းလေး.. အ၇မ်းမိုက်တယ်...
ကဗျာစပ်တော်လိုက်တာနော်... :)

ကဗျာလေးကောင်းတယ် သင်္ခါရသဘောလေးနဲ့
အဆင်ပြေပါစေနော်

ကောင်းလိုက်တဲ့ ကဗျာလေး။ အစ်မကူးသွားတယ်နော်။
တိုတိုလေးနဲ့ အရမ်းကောင်းတယ်။ အဆင်ပြေပျော်ရွှင်
ပါစေ မောင်လေးကိုတိုလေးရေ။

သင်္ခါရကိုတော့ ဘယ်အရာကမှ လွန်ဆန်လို့ မရနိုင်ပါဘူးလေ...
အင်း... သင်္ခါရ... သင်္ခါရ...

ကောင်းလိုက်တဲ့ ပန်းသခင်သို့ ကဗျာလေး ..
အချိုးကျန လှပ ပါပေတယ်

မောင်လေး ကိုတိုးရေ...
ပန်းသခင်ကို ဒုတိယအကြိမ်မြောက် ထပ်ခံစားသွားပါတယ်... :)

ဝါးးး မိုက်တယ်...ဒုတိယမြောက် ပြန်လည်ထုတ်ဝေခြင်းပေါ့လေ...

သင်္ခါရတရားသဘောလေးတွေကို တင်စားလိုက်တာများ... လန်ထွက်နေတာပဲ...

ကဗျားလေး ကြိုက်တယ်

ဟုတ်တယ် ကိုတိုးရေ... ဘယ်အရာမှ မမြဲပါဘူး။ မာန်မာနဆိုတာလည်း ကြေပျက်ရမယ့် အရာတစ်ခုပါပဲ မောင်လေးရေ...